ခရစ်ယာန်အသက်တာဆိုသည်မှာ
လူအချို့က သင်တို့သည် ကောင်းမြတ်သည့်ဘုရားကို ကိုးကွယ်သည်ဟုဆိုပြီး သူတို့နှင့် မခြား ဆင်းရဲဒုက္ခနှင့် ရောဂါဝေဒနာများ အဘယ့်ကြောင့် ခံစားနေရသေး သနည်းဟု မေးလေ့ရှိပါသည်။ အကြောင်းအရာတစ်ခုနှင့် သက်သေခံလျက် ရှင်းပြရ လျှင်၊ တစ်ခါက ကင်ဆာရောဂါကုဌာန၏အထူးခန်းတွင် လူနာနှစ်ဦးရှိနေပြီး နှစ်ဦးလုံး မကြာမှီ သေဆုံးရမည့်သူများ ဖြစ်ကြပါသည်။ လူနာတစ်ဦးက ၄င်း၏ဘဝအတွက် မကျေမနပ်ဖြစ်ကာ ယူကျုံးမရ ဝမ်းနည်းငိုကြွေးနေသော်လည်း သူ့နံဘေးမှ လူနာက ဝေဒနာ ခံစားနေရသည့်ကြားမှ ၄င်းအား အားပေးနှစ်သိမ့်လျက် ယေရှု အကြောင်း ပြောပြပြီး ဆုတောင်းပေးနေသည်ကို တွေ့ရပါသည်။ ခရစ်ယာန်များလည်း လူသားထဲမှ လူသားပေမို့ အခက်အခဲ ဒုက္ခဆင်းရဲနှင့် ရောဂါဝေဒနာများ ခံစားရနိုင်ပါ သေးသည်။ သို့သော် ထိုအရာများတို့က ဘုရား၏ ချစ်ခြင်းမေတ္တာနှင့် ဝေးကွာမသွားစေ နိုင်ပါ။ လူတစ်ဦးအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရမည့် လောကဓံကို မကြောက်တော့ခြင်းသည် သာ စစ်မှန်သော လွတ်မြောက်ခြင်းသာတည်း။ သေခြင်းတရားသည် အို နာ သေခြင်း ကင်းဝေးသည့် ကောင်းကင်ဘုံသို့ ဝင်စားရာ တံခါးတစ်ချပ်သာတည်း။
သမ္မာကျမ်းစာနှင့် ကိုက်ညီသော အဖြေ ဖြစ်ပါသည်။
ခရစ်ယာန်အသက်တာသည် ယုံကြည်သူ၌ ခရစ်တော် ကိုယ်တိုင် အသက်ရှင်နေခြင်း ဖြစ်သည်။ ခရစ်တော်နှင့်တူအောင် အတုယူ ကြိုးစား၍ အသက်ရှင်နေခြင်းမဟုတ်ပါ။
ကိုယ်တော်ကို ရသောအသက်တာဖြစ်နှင့် ကိုယ်တော်ကို ယုံကြည်ကိုးစားသော အသက်တာသာ ဖြစ်သည်။
[…] ခရစ်ယာန်အသက်တာဆိုသည်မှာ […]