ခရစ်ယာန်တို့၏ ယုံကြည်ချက်
ဘုရားတစ်ဆူတည်းရှိသည်ဟု ယုံကြည်ပြီး ထိုတစ်ဆူတည်းသော ထာဝရ ဘုရားသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ သုံးပါး တစ်ဆူဖြစ်သည်။ သုံးပါးတစ်ဆူဖြစ်ရခြင်းအကြောင်းမှာ တန်ခိုးတူ၊ ဂုဏ်ရည်တူ၊ ထာဝရ တည်ရှိတော်မူခြင်း အတူတူဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ (မ ၃း၁၃-၁၇၊ ၂၈း၁၉၊ ၂ကော ၁၃း၁၄)
လူတွင် ထာဝရတည်သော အသက်ဝိညာဉ်ရှိပြီး ခန္ဓာမှာ အသက် ဝိညာဉ်ခေတ္တကျိန်းဝပ်ရာ ယာယီအိမ်သာဖြစ်ပါသည်။ လူအစစ်အမှန် မှာ ထာဝရ မသေနိုင်သော နာမ်ဝိညာဉ်ဖြစ်ပါသည်။ (က ၁း၂၆၊ ၅း၁၊ ယောဘ ၃၂း၈၊ တ ၇း၅၉၊ ၁ကော ၁၁း၇)
ယေရှုခရစ်တော်သည် သုံးပါးတစ်ဆူဘုရား၌ တစ်ပါးအပါအဝင်ဖြစ်ပြီး ဘုရား စစ်စစ်ဖြစ်တော်မူ၏။ လူသားတို့ အပြစ်အတွက် လောကသို့ လူ့ဇာတိခံယူခဲ့ပြီး အသေ ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခဲ့သော အရှင်လည်း ဖြစ်တော်မူ၏။ မျက်မြင် မရသော ဘုရား၏ သဏ္ဍာန် တော်ကိုသိရန်လူ့ဇာတိခံယူခဲ့သော လူသား ဘုရားလည်း ဖြစ်တော မူ၏။ (ယော ၁း၁၊ ၁း၁၄၊ ကော ၁း၁၅-၁၉၊ ၁ယော ၅း၇-၈)
လူသားတိုင်း အပယ်ငရဲမှလွတ်၍ ကောင်းကင်ဘုံသို့ရောက်ရှိရန် သခင်ယေရှု ၏ လုပ်ဆောင်ပေးမှု သက်သက်ကြောင့်သာ ရရှိ နိုင်ကြောင်းယုံကြည်၏။ (တ ၄း၁၂၊ တိတု ၃း၅၊ ဧ ၂း၈-၁၀)
ကယ်တင်ခြင်းသည် ယေရှုနှင့် သူ၏လုပ်ဆောင်ခြင်းကျေးဇူးကြောင့်သာဖြစ်သည်။ အခြားသောအရာများနှင့် ဖြည့်စွက် ပေါင်းစပ်ထားခြင်း ကြောင့် မဟုတ်ပါ။ ယုံကြည်ခြင်းဖြင့်သာ ခံစားရရှိသည်။ ယုံကြည်ခြင်းဟုဆိုရာ၌ ယုံကြည်ခြင်းတွင် နောင်တ၊ ယုံကြည်၊ လက်ခံ သုံးမျိုးပါဝင်ပါသည်။ ကယ်တင်ခြင်းသည် ကယ်တင်ခြင်း သင်ခန်းစာအပြင် ယေရှုခရစ် တည်းဟူသော ကယ်တင်ရှင် ပုဂ္ဂိုလ် ကို လက်ခံခြင်း
(၀န်ခံခြင်း) ဖြစ်သည်။ နောင်တမရှိသော ယုံကြည်ခြင်းသည် ဦးနှောက်နှင့်သာ ဖြစ်သည်။ ဆန္ဒမပါသော ယုံခြင်းသာဖြစ်သည်။ ယုံကြည်ခြင်းမရှိသော နောင်တသည် လည်း စိတ်လှုပ်ရှား ခံစားမှု သက်သက် မျှသာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်ရန် စိတ်နှလုံးနှင့်ယုံကြည်ပြီး နှုတ်နှင့် ၀န်ခံရမည်။