ဘုရားက လူဘယ်နှစ်ဦး ဖန်ဆင်းခဲ့ပါသလဲ၊ ကာဣိနက ဘယ်နေရာမှ ဘယ်လို မိန်းမရသွားတာပါလဲ?
လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ပါသည်။ ယေရှုကိုယ်တိုင်ကလည်း အစအဦး၌ လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ကြောင်း ဆိုခဲ့ပါသည်။ (မ ၁၉း၎) ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီးတစ်ကို ဖတ်ကြည့်လျှင် အာဗြဟံမှ ဆင်းသက်လာသော ယေရှု၏ ဆွေတော်စဉ် မျိုးတော်ဆက် စာရင်းဟူမူကား၊ အာဗြဟံသားဣဇက် ၊ ဣဇက်သား ယာကုပ် ဟုအစပြုထားပါသည်။ အမှန်မှာ ဓမ္မဟောင်းကျမ်းကို ပြန်လေ့လာကြည့်ပါက အာဗြဟံသား ဣဇက် တစ်ဦးတည်းမဟုတ်ပါ၊ ဣဇက်သားလည်း ယာကုပ်တစ်ဦးတည်း မဟုတ်ပါ။ (ရှင်ယောဟန်ခရစ်ဝင် ၂၁း၂၅) တွင် ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြားရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာ များပြားလိမ့်မည် ဟုထင်မှတ်ခြင်းရှိ၏ဟု ဓမ္မသစ်ကျမ်းတွင်ဆိုထားပါသည်။
ထို့နည်း၎င်း အာဒံ၏ သားသုံးဦးသာရှိသည်ဟု ထင်ရသော်လည်း (ကမ္ဘာဦးကျမ်း ၅း၎) တွင် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍ သားသမီးများ ကိုမြင်လေ၏ဟု ဖေါ်ပြထားပါသည်။ ထို့ကြောင့်သားသုံးဦးတည်းမဟုတ်ပါ။ ဘီစီ ၁၅၀ဝ ရောက်သောအခါမှ မောရှေအားဖြင့် ဘုရားက မောင်နှမချင်းမယူဖို့ ပညတ်ခဲ့ပါသည်။ မယူရဟု ပညတ်ခြင်းသည် ယူကြခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကာဣိနသည် ၄င်း၏ ညီမတော်သူနှင့် ယူခဲ့ပါသည်။ အချင်းတို့များပြားစွာ မွေးကြလော့ဟု ဘုရားအမိန့်တော်ရှိ သည့်အတွက် လူဦးရေတိုးပွါးဖို့ စုံဖက်ကြခြင်းသာ လျှင်ဖြစ်ပါသည်။
အာဒံနှင့် ဧဝအပြင် အခြားလူများကိုလည်း ဘုရားကဖန်ဆင်းထားသည်ဟု ယူဆပါက အာဒံလုပ်သော အပြစ်ကြောင့် ဘုရား နှင့်အဆက်ပြတ်ခဲ့ပြီး အာဒံမှ ဆင်းသက်လာသောလူသားတိုင်း ဘုရားနှင့်အဆက်ပြတ်ခဲ့ရသည်ကို အဆက်ရဖို့ ယေရှုပြုပေးခဲ့သော ကယ်တင်ခြင်းအမှုသည် ဆက်စပ်မှုမရှိတော့ပါ။ သမ္မာတရားနှင့် လည်း ကိုက်ညီမှု မရှိတော့ပါ။ ထို့ကြောင့် အာဒံနှင့် ဧဝနှစ်ဦးတည်းမှ လူများဆင်း၍ သက်လာခြင်းသာလျှင် ဖြစ်ပါသည်။ (ရော ၅း၁၉)
ကမ္ဘာဦးကျမ်း အခန်းကြီး ၁ အငယ် ၂၆ မှ ၂၈ အထိမှာ လူ ကို အာဒံနဲ့ ဧ၀ မတိုင်ခင် ဖန်ဆင်းခဲ့တယ်လို့ ရေးသားဖေါ်ပြထားပါတယ်
ဆရာ ယုဒသန် ဘဲမှားတာလား ဆဌမနေ့ရက်မှာပါ
သတ္တမနေ့ မှာ( ကမ္ဘာဦးကျမ်း အခန်းကြီး ၂ အငယ် ၅ မှ ၂၅ ) လူမရှိသေးလို့ဖန်ဆင်းတယ်ပြောပြန်ပါတယ်
ကျွန်တော် နားမလည်နိုင်လို့ ရှင်းပြပေးပါလား